အာဒမ်နဲ့ ဧဝ မတိုင်မီ ရှေးခေတ်ကတည်းကိုက
ကမ္ဘာမြေပေါ်မှာ သက်ရှိတွေ နေထိုင်ခဲ့ကြောင်း
ရှေးဟောင်းကျမ်း အတော် များများမှာ အထင်
အရှား ရေးသားဖော်ပြတာတွေ တွေ့ရပါတယ်။
အဲဒီခေတ်ကာလကို Pre-Adamite လို့ အင်္ဂလိပ်
လို ခေါ်ဆို သုံးနှုန်းပါတယ်။
ရဟူဒီ တရားဟောဆရာ Rabbi Ariel Bar Tzadok
ရှင်းပြတာကတော့ "အာဒမ်ခေတ် မတိုင်မီ ကာလက
အကြောင်းအရာတွေဟာ လွန်စွာရှေးကျပြီး ရှည်လျား
လှတဲ့ ရာဇဝင်တခု ဖြစ်သလို သူတို့ဟာ ဘယ်သူတွေ
လဲ၊ ဘာတွေလဲ၊ ဆိုတာကို ဖော်ပြတဲ့ ရိုးရာပုံပြင်များ
လည်း အများအပြား ရှိတယ်" လို့ဆိုပါတယ်။
ထို့အပြင် ဒီဒဏ္ဍာရီ ရိုးရာပုံပြင်တွေထဲမှာ လူသားတွေ
ဟာ နှစ်ထောင်နဲ့ချီ အသက်ရှင် နေနိုင်ကြတယ်လို့ဆို
ထားသလို နည်းပညာ အဆင့်အတန်းလည်း လွန်စွာ
မြင့်မားကြတယ်လို့ ဖော်ပြထားပါတယ်။
အကြောင်းတခုခုကြောင့် သူတို့ယဉ်ကျေးမှုတွေ
ပျက်သုဉ်းပြီးနောက် ကြယ်တာရာစု တွေဆီကို
ထွက်ခွါသွားကြပါတယ်။
အာဒမ်ခေတ် မတိုင်မီ ကာလ Pre-Adamic
ယဉ်ကျေးမှု ပျက်သုဉ်းသွားတဲ့အခါ အချို့က
ကြယ်တာရာစုတွေကို ထွက်ခွါသွားပြီး
ဘုရားသခင်၏ အမိန့်အရ မိမိတို့၏ လက်ရှိ
ကမ္ဘာကို လေ့လာ စောင့်ကြည့်လျှက် ရှိတယ်
လို့ ဆိုပါတယ်။
သူတို့ကို "စောင့်ကြည့်နေသူ" (The Watcher)
များလို့ ခေါ်ကြောင်း သူတို့ အကြောင်းတွေကို
ယခင် ရေးခဲ့ဖူးပါတယ်။
အချို့ကတော့ အသွင်သဏ္ဏန် ပုံစံအမျိုးမျိုးနဲ့
မိမိတို့ ကမ္ဘာမှာပဲ ရောနှော နေထိုင်လျှက်ရှိ
ပါတယ်။
တနည်း နားလည်အောင် ရှင်းရှင်း ဆိုရလျှင်
မိမိတို့၏ အံ့စရာ ပြာလဲ့လဲ့ ကမ္ဘာမှာ အခြား
ဂြိုလ်က သက်ရှိတွေ လာရောက် နေထိုင်ခဲ့
ကြပြီး သူတို့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ အဆောက်
အဦး၊ အထိမ်းအမှတ်၊ အစုအဝေး စသည်ဖြင့်
တချိန်က စည်ကားသိုက်မြိုက်စွာ နေထိုင်နေ
ကြရာကနေ အကြောင်းတခုခုကြောင့် ဒီကမ္ဘာ
ကနေ ထွက်ခွါသွားခြင်းကို ဆိုလိုခြင်း ဖြစ်ပါ
တယ်။
ဒီလို သူတို့တတွေ သိမ်းပိုက် နေထိုင်ခဲ့တဲ့
အထောက်အထား သမိုင်း အချက်အလက်
တွေကို တကမ္ဘာလုံးအနှံ့ ဘာသာတိုင်း ၊
ယဉ်ကျေးမှုတိုင်းမှာ ရှာဖွေ တွေ့ရှိနိုင်ပါ
တယ်။
ရှေးဟောင်း အီဂျစ်တွေက ကမ္ဘာပေါ်ရှိ လူ့ဘဝ
အစကို "Zep Tepi" (The First Time) ဟု
ခေါ်ဆို သတ်မှတ်ခဲ့ကြပြီး "အိုဆိုင်းရစ်" (Osiris)
ဘုရားသခင်က ကမ္ဘာကို အုပ်စိုးခဲ့တယ်လို့
ဆိုပါတယ်။ ယနေ့အထိ ကျောက်ထွင်း ရုပ်ထု
တွေ၊ အဆောက်အဦးပျက်တွေ၊ အထိမ်းအမှတ်
တွေ ရှိနေပါတယ်။
ရှေးခေတ် ဂရိတွေကတော့ အဲဒီ အချိန်ကာလကို
"ရွှေခေတ်" (Golden Age) လို့ သတ်မှတ်ခဲ့ပြီး
တိုက်တန် (Titans) တို့၊ အိုလမ်ပီယန် (Olympi
-ans) နတ်ဘုရားတွေ အုပ်စိုးပြီး နေထိုင်ခဲ့ကြတယ်
လို့ ဆိုပါတယ်။
ထို့အပြင် ရှေးဟောင်း ဆူမားရီးယန်း (Sumerian)
ကျောက်စာတွေမှာတော့ လူသားကို မဖန်ဆင်းခင်
ကမ္ဘာကြီးဟာ ဘုရားသခင်ရဲ့ ခြေဖဝါးတော်အောက်
မှာ ထားရှိကြောင်း အကျယ်တဝင့် ဖော်ပြတာတွေ
လည်း ရှိပါတယ်။
ဒဏ္ဍာရီဆန်ဆန် စကားလုံးတွေကို ဖယ်ရှားပြီး
နားလည်ရမယ်ဆိုလျှင် အခြား ကမ္ဘာက သက်ရှိ
ဂြိုလ်သားတွေဟာ မိမိတို့ ကမ္ဘာကြီးကို နှစ်ထောင်
ပေါင်း များစွာက ကိုလိုနီပြု ထားခြင်းသာ ဖြစ်တယ်။
ထောင်ပေါင်းများစွာလို့ ပြောဆိုခြင်းဟာ နှစ်
တသောင်း၊ နှစ်သောင်းကို ပြောနေခြင်း မဟုတ်
ပါ။ သိန်းနှင့် သန်းနှင့်ချီသော နှစ်တွေကို ဆိုလို
နေခြင်း ဖြစ်ပါလေတော့သတည်း။
ဆက်ပါဦးမည်။
Credit-Andrew Soe