အရူး
------
တစ်ခါတုန်းက မြို့တစ်မြို့မှာအရူးဆေးရုံ တစ်ရုံ ရှိတယ်.
အဲ့ဒီဆေးရုံက အရူးတွေဟာ သောင်းကျန်းလွန်းလို့
ဆရာဝန်တွေ မနိုင်တော့တဲ့ အခါတစ်ခု စဉ်းစားမိကြသတဲ့...
အရူးအချင်းချင်းကို ထိန်းခိုင်းရင် အဆင်ပြေနိုင်တယ် ဆိုပြီးတော့ပေါ့
အဲ့ဒါနဲ့နောက်တစ်နေ့ကျတော့အရူး အားလုံးကို ခေါ်ပြီး ပြောတယ်တဲ့..
ကဲ မင်းတို့ထဲက ခေါင်းဆောင် သုံးယောက် ရွေးမယ် ..
ငါမေးတာကို မှန်အောင် ဖြေနိုင်ရင်ခေါင်းဆောင် ခန့်မယ်
ကဲ စပြီဆိုပြီး မေးတော့တာပေါ့
မာလကာသီး တစ်လုံးကို ပြပြီး ဒါဘာသီးလဲမေးတော့
ပထမ တစ်ယောက်မှ မဖြေနိုင်ဘူးတဲ့.
ခဏနေမှ နောက်နားက မိနိုင်ဆိုတဲ့ တစ်ယောက်က ထဖြေတယ် ..
မာလကာသီးပါ...
အဲ့ဒါနဲ့သူ့ကို ခေါင်းဆောင် ခန့်လိုက်တယ်
တစ်ယောက် ရပြီပေါ့.
ကဲ နောက်တစ်ယောက်ဆိုပြီး သရက်သီးကို ပြတယ် ဘာသီးလဲပေါ့
ဂျာပူတီက ထဖြေတယ် သရက်သီး..
နှစ်ယောက်မြောက် ခေါင်းဆောင် ရပြန်ရော.
ကဲ ဒီတစ်ခါ နောက်ဆုံး တစ်ယောက်ကိုတော့
အသီးပြစရာ လောလောဆယ် မရှိလို့ ပါးစပ်ကပဲ သေချာပြောပြမယ် နားထောင်
"သူ့အလုံးက လူ့ခေါင်းလောက် ရှိတယ် ဆူးတွေ အများကြီးနဲ့
မွန်ပြည်နယ် ကရင်ပြည်နယ်ဘက်က အများဆုံး ထွက်တယ်..
ကြိုက်တဲ့ သူတွေ အတွက်ကတော့ သူ့အနံ့က မွှေးတယ်
မကြိုက်တဲ့သူတွေ အတွက်ကတော့သူ့အနံ့က ခေါင်းကိုက်လောက်အောင် နံသတဲ့..
အဲ့ဒါ ဘာသီးလဲ" လို့မေးသတဲ့
နောက်ဆုံး မေးခွန်းလဲကျရော
အချိန်အတော် ကြာတဲ့အထိ ဖြေနိုင်တဲ့သူ ပေါ်မလာဘူးတဲ့.
ဒါပေမယ့်ဒီစာကို ခုဖတ်နေတဲ့ သူကတော့
ဒီအဖြေကို သိလို့ စိတ်ထဲကတောင် ဖြေပြီးနေလောက်ပြီ.
ဟုတ်ကဲ့ ဂုဏ်ယူပါတယ်နော်…
ခများကို တတိယမြောက် ခေါင်းဆောင်အဖြစ် ခန့်လိုက်ပါပြီ
ငီး ငီး ငီး..
----------------------
(Naing Yan)
Credit**##

0 comments:
Post a Comment