Russia က ၃၂ နှစ်ရှိ ဘီလျံနာ သူဌေး Dmitry Itskov ဟာ ထာဝရ ရှင်သန် နိုင်မယ့် " 2045 Initiative" လို့ခေါ်တယ့် Project တစ်ခု ကို လုပ်ဆောင် နေပါ တယ်။ ၂၀၄၅ မှာ အပြီး လုပ်ဆောင်မယ့် ပညာရှင်ပေါင်း ၂၀၀၀၀ ကျော် ပါဝင်တဲ့ ဒီ Project ဟာ လူသား အသိဥာဏ် ကို Computer ထဲသို့ Upload လုပ်ပြီး ဖန်တီး ရယူထား တဲ့ Artificial Body နဲ့ စိတ်ရဲ့ ထာဝရ ရှင်သန်မှု ကို ရယူ မှာပဲ ဖြစ်ပါ တယ်။ တစ်နည်း အားဖြင့် Singularity ကို ဖန်တီး မှာပါ ( Theoretical Physics ရဲ့ Singularity, Black Hole မဟုတ် ပါ။)
နည်းပညာ နယ်ပယ် က Term အရ Singularity ဆိုတာ...
လူသား ရဲ့ ပင်ကိုယ် အသိဥာဏ်၊ သင်ယူ နိုင်စွမ်း နဲ့ Knowledge, Skill စတာ တွေကို စက် ရဲ့ မြန်ဆန်မှု၊ တိကျမှု၊ လုပ်ဆောင် နိုင်စွမ်း၊ နဲ့ Data Storage ( Memory )၊ Transfer And sharing, Processing Ability တွေကို ပေါင်းစပ် နိုင်ခြင်း ဖြစ်ပါတယ်။
တစ်နည်း အားဖြင့် Singularity ဟာ ကျွန်တော် တို့ရဲ့ Intelligence တွေ သာမန် ဇီဝနည်း အတိုင်း မဟုတ်ဘဲ ယခု လက်ရှိ ထက် အဆ Trillion နဲ့ချီအောင် သာလွန် စွမ်းအားမြင့် လာပြီး လူသား Civilization အသစ် တစ်ခု ဖြစ်ပေါ် လာခြင်း ကို ဆိုလို ပါတယ်။
ဇီဝ ဆိုင်ရာ ကန့်သတ်မှု တွေကို ကျော်လွှားပြီး ကျွန်တော်တို့ရဲ့ ဖန်တီးနိုင်စွမ်း ဟာ အကန့်အသတ်မဲ့ တိုးမြင့် လာချိန် မှာ လူသား နဲ့စက်ကြား၊ Real Reality နဲ့ Virtual Reality တို့ ကြားမှာ ခြားနားမှု ဆိုတာ မရှိတော့ဘဲ စိတ်ရှိ သလို ကြိုက်တဲ့ ခန္ဓာ ပုံစံ ကို ရယူ၊ ကြိုက်တဲ့ character ကို ဖန်ဆင်း နေထိုင် နိုင်တဲ့ သူတွေ ဖြစ်လာ မှာပါ။
ရုပ်ပိုင်း ဆိုင်ရာ အရ မကျော်လွှား နိုင်တဲ့ ရောဂါဘယတွေ၊ အိုမင်းခြင်း၊ သေဆုံးခြင်း၊ ဆင်းရဲချမ်းသာ စတဲ့ အရာတွေ ပျောက်ကွယ် ကုန် ပါမယ်။ တစ်နည်း ဆိုရင် လူသား မျိုးနွယ် ဟာ နတ်ဘုရား တွေ ဖြစ်လာ မှာပါ။
လောလောဆယ် မှာ Russia သူဌေး လုပ်ဆောင် နေတဲ့ အရာ ဟာ ဒါပဲ ဖြစ် ပါတယ်။ Artificial Intelligence ကို လူ ရဲ့ပင်ကို သိစိတ် နဲ့ ပေါင်းစပ် ရယူ ဖို့ပါ။ Russia သူဌေး ရဲ့ Project စတင် ပြီး နောက် တစ်နှစ် ၂၀၁၄၊ သိပ် မကြာသေးခင် ကလည်း Johnny Depp သရုပ်ဆောင် ထားတဲ့ Transcendence ဆိုတဲ့ ရုပ်ရှင် တစ်ကား ထွက်ရှိ ခဲ့ ပါ သေးတယ်။
ဒီ ရုပ်ရှင် မှာ လူ ရဲ့ပင်ကိုယ် သိစိတ် ကို AI Super Computer ပေါ်ကို Upload လုပ်ပြီး Global Network ဖြစ်တဲ့ Internet နဲ့ချိတ်ဆက် လိုက်တဲ့ အခါ ဖြစ်ပေါ်လာတဲ့ အကျိုးဆက် တွေကို အကောင်းဆုံး စိတ်ကူးပြီး ရိုက်ပြ ထား ပါတယ် ( အဲ့ဒီ ကားထဲ က Nano Technology ကတော့ တော်တော်လေး အဓိပ္ပာယ်မဲ့ ချဲ့ကား ထား ပါတယ် ) ။
ရုပ်ရှင် ထဲမှာ တော့ Singularity ကို Transcendence လို့ပြောင်းလဲ သုံးနှုန်းထား ပါတယ်။
Singularity ဟာ လူသား မျိုးနွယ် အထွတ်အထိပ် ရောက်ရှိမှု ဖြစ်နိုင် သလို လူသား မျိုးနွယ် အတွက် နိဂုံး တစ်ရပ်လည်း ဖြစ်နိုင် ပါတယ်။ လူသား ရဲ့ ပင်ကိုယ် သိစိတ်၊ သင်ယူ နိုင်စွမ်း ရှိတဲ့ Artificial Intelligence, သို့မဟုတ် Computer ရဲ့ စွမ်းအားတွေ နဲ့ပေါင်းစပ် ထားတဲ့ လူသား တစ်ဦး ရဲ့ ဥာဏ်ရည်၊ သင်ယူမှု၊ တွက်ချက် ဖန်တီးနိုင်မှု တွေဟာ ကမ္ဘာ့သမိုင်း တစ်လျှောက် ပေါ်ထွန်း ခဲ့တဲ့ ပညာရှင်ပေါင်း များစွာ တို့ရဲ့ စုစုပေါင်း စွမ်းရည် ထက် ပြောစရာ မလိုအောင် သာလွန် နေမှာပါ။
ထို အခါ ထိုစက်၊ ထို လူ ဟာ ကမ္ဘာကြီး ကို သူ ကြိုက်သလို ကြိုးကိုင် ခြယ်လှယ် နိုင်ပါ လိမ့်မယ်။ လူသား အားလုံး ဟာ ထို စက်၊ထို လူ ရဲ့ အောက် မှာ ကျွန်ပြုခံ ရနိုင် ပါတယ်။
( Terminator ရုပ်ရှင် တွေထဲ မှာ ဒီ Idea ကို ရိုက်ပြထား ပါတယ် )
ဒါ့ပြင် သူ ကိုယ်တိုင် သာလွန် ကောင်းမွန် လှတဲ့ စွမ်းရည်တွေ နဲ့ တိုးတက်သည် ထက် တိုးတက် အောင် သင်ယူ ဖွံဖြိုး နိုင်ပါ လိမ့်မယ်။ လူသား တွေဟာ အဆ များစွာ နောက်ကျ ကျန်ရစ် ရင်းနဲ့ တဖြည်းဖြည်း နိဂုံးချုပ် ရမှာ ပါ။ ဒီ Singularity ကတော့ လူသား တွေကို မျိုးတုန်း စေမယ့် အရာပါ။
London က Press Conference တစ်ခု မှာ Stephen Hawking က ပြောခဲ့ ပါတယ် "AI 'Could Spell End Of Human Race'" တဲ့။
Singularity က ဘယ်လို ဖြစ်စဉ်မျိုး ကို ယူဆောင် လာ မလဲ ဘယ်သူ မှ မခန့်မှန်းနိုင် ပါဘူး။ သို့ပေမယ့် ယနေ့နည်းပညာ ပိုင်း တိုးတက် ဖြစ်ထွန်း စေမှုတွေ၊ Research တွေဟာ ထို အရာဆီ ဦးတည် နေပါတယ်။
၂၀၁၃ မှာ ပဲ သမ္မတ Obama ဟာ အစိုးရ နဲ့ ပုဂ္ဂလိက Company တွေ ပေါင်းပြီး လူသား ဦးနှောက် ကို လေ့လာဖို့ ဒေါ်လာ ၂၃၂ သန်း မတည်မယ့် Brain Initiative ကို စတင် ခဲ့ ပါတယ်။
လက်ရှိ နည်းပညာ နယ်ပယ် မှာတော့ ဦးနှောက် က Brain Wave Signal တွေကို လျှပ်စစ် အသွင်ပြောင်း ထိန်းချုပ် နိုင်တဲ့၊ စိတ် နဲ့ထိန်းချုပ် နိုင်တဲ့ စက်ရုပ် လက်တု ခြေတု၊ စက် ပစ္စည်း မျိုးစုံ ပေါ်ပေါက် လာနေ တာ ဆယ်စု နှစ် တစ်ခု လောက် ရှိပြီ ဖြစ် ပါတယ်။
သို့ပေမယ့် Neuroscience လေ့လာ သူတွေ အဖို့ အနာဂတ် မှာ လူသား နဲ့ Computer ပေါင်းစပ် နိုင်ဖို့အတွက် သိစိတ် ( Consciousness ) ဆိုတာ ကို နားလည်းဖို့ ခက်ခဲ နေပါ သေးတယ်။
သိစိတ် ကို Computer ပေါ် Upload လုပ်ဖို့အသာထား၊ သိစိတ် ဆိုတာ ဘာလဲ လို့တောင် ခြေခြေ မြစ်မြစ် နားမလည် သေးကြ ပါဘူး။ ဦးနှောက် အတွင်း က Billion နဲ့ချီတဲ့ Neurons တွေရဲ့ Activity အားလုံးကို ထောက်လှမ်းဖို့ အင်မတန် ရှုပ်ထွေး ခက်ခဲ နေပါ သေးတယ်။
ဦးနှောက် အလုပ် လုပ်ပုံ အတိုင်း တုပ လုပ်ဆောင် နိုင်မယ့် AI ဖန်တီးဖို့အရေး မှာလည်း ယနေ့ လက်ရှိ Computer တွေရဲ့ စွမ်းရည် ဟာ တီကောင် တစ်ကောင်ရဲ့ ဦးနှောက် ကို တောင်မမီ သေး ပါဘူး။
သို့ပေမယ့် Cmputer တွေ ဟာလည်း Moore's Law အရ ၁၈ လ တိုင်းမှာ လျင်မြန်မှု နဲ့ ရှုပ်ထွေးမှု နှစ်ဆဆီ တိုးလာ နေပါတယ်။ ဒီ အတိုင်းဆို နောက် ဆယ်စုနှစ် နှစ်ခု လောက်အတွင်း မှာ ကျွန်တော် တို့ ဦးနှောက် ကို အမီလိုက် နိုင်လာခြေ ရှိနေ ပါတယ်။
သိစိတ် ကို Computer နဲ့ပေါင်းစပ် ပေါင်းစပ်၊ Computer တွေ ကိုပဲ သိစိတ် အတိုင်း ပြုမူ နိုင်အောင် လုပ်ဆောင် လုပ်ဆောင် ကျွန်တော် တို့ဟာ တစ်နေ့မှာ Singularity ဆီ ကိုပဲ ဦးတည် သွားမှာ ဖြစ်ပါ တယ်။
ဒီတော့ သင်ကော Singularity ကို ဘယ်လို ထင်ပါ လဲ ....
လူသား မျိုးနွယ် ကို နတ်ဘုရားတွေ ဖြစ်အောင် ဖန်တီးပေး မှာလား ....
လူသား မျိုးနွယ် ကို နောက်ကျ ကျန်ပြီး မျိုးတုန်းစေ ကုန် မှာလား .....
“ HOPE FOR BEST , PREPARE FOR WORST ”
Credit:Science Of Human
0 comments:
Post a Comment